တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်

တောင်ဥက္ကလာ ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ဩဂုတ်လ(၉)ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီ ဦးဆောင်သည့်အဖွဲ့မှ မြို့နယ်အတွင်းနေထိုင်ကြသော အသက်(၁၇)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ အားပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် တောင်ဥက္ကလာပမြို့နယ် (၁၄) ရပ်ကွက်အတွင်း နေထိုင်ကြသော အသက်(၁၇)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထို့သို့ဆောင်ရွက်ပေးနေမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ပြန်/ဆက်)