ပျော်ဘွယ်မြို့နယ်တွင် (၁၀)တန်းသွားမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြ

ပျော်ဘွယ် ဩဂုတ် ၁၂

ပျော်ဘွယ်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ (၁၀)တန်းသွားမျိုးစေ့ချကိရိယာဖြင့် မိုးစပါး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ဩဂုတ် ၁၂ရက်နံနက် ၉ နာရီက ဝက်လက်ကျေးရွာ ကွင်းအမှတ်(၁၁၁)၊ ဦးပိုင်အမှတ်(၄၂)ရှိ လယ်မြေ(၃)ဧက၌ ဆောင်ရွက်သည်။

ဦးစွာ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှနိုင်ဌေး က (၁၀)တန်းသွားမျိုးစေ့ချကိရိယာ ကိုင်တွယ်အသုံးပြုနည်းများ၊ စိုက်ပျိုးရာတွင်သတိပြုလိုက်နာရမည့်အချက်များကို တောင်သူများအား ရှင်းလင်းဆွေးနွေးပြီး စက်မှုလယ်ယာဦးစီးဌာနဝန်ထမ်းများက လက်တွေ့သရုပ်ပြ စိုက်ပျိုးသည်။

(၁၀)တန်းသွားမျိုးစေ့ချကိရိယာအသုံးပြု၍ စပါးစိုက်ပျိုးခြင်းဖြင့် အလုပ်သမားလိုအပ်ချက် လျှော့ချနိုင်ခြင်း၊ လုပ်ငန်းပြီးစီးမှုမြန်ဆန်ကာ အချိန်ကုန်သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု သက်သာခြင်းကြောင့် စိုက်ပျိုးစရိတ်လျှော့ချနိုင်ခြင်း၊ အပင်ပေါက်ကောင်းမွန်ခြင်းနှင့်ပင်ကြား၊ တန်းကြား ညီညာစွာစိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ပေါင်းလိုက်ရာတွင် လွယ်ကူစွာလုပ်ဆောင်နိုင်ခြင်း၊ သီးနှံအထွက်နှုန်းတိုးခြင်းတို့ကြောင့် တောင်သူများအားထားရမည့် စက်ကိရိယာတစ်ခု ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)