ကွမ်းခြံကုန်းမြို့နယ်၌ စျေးကွက်အတွင်းရောင်းချနေသော ငရုတ်ဆီနှင့်အချဥ်ရည်အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

ကွမ်းခြံကုန်း ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနုသည် ကွမ်းခြံကုန်းမြို့မစျေးတွင် ငရုတ်ဆီနှင့်အချဥ်ရည်အမျိုးမျိုးအား  စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့မစျေးအတွင်းရောင်းချနေသော Chito(ကြက်သွန်ဖြူငရုတ်ဆီ)၊ Bravo(ငရုတ်ဆီအချို)၊ မြန်မာ့ရိုးရာငရုတ်ဆီ၊ MAEGIN (ထိုင်းငရုတ်ဆီအချို)တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ၊မရှိစစ်ဆေးခဲ့ကြောင်းသိရသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဒေါ်နွယ်နွယ်အေးက နေ့စဥ်စားသုံးရသောအစားအစာများတွင် ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ အသုတ်စုံ၊ အကြော်စုံတို့တွင် ငရုတ်ဆီနှင့်အချဥ်ရည်များ၊ မပါမဖြစ်သုံးစွဲနေရ သော ကြောင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ငရုတ်ဆီနှင့်အချိုရည်များရောင်းချကြရန်လုပ်ငန်းရှင်များအား ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ စျေးတာဝန်ခံကျန်းမာရေး(၃)ဦး ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)