ကျောက်တန်း သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ.မ.က(ဂွေးပင်)ကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသန့်ဇင်ထွန်းက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်နှင့် သဘာ၀ဘေး အန္တရာယ်နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များကိုဟောပြောကြောင်း သိရှိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာနံရံကပ်ပြဘုတ်များ၊ လူငယ်ရေးရာဆိုင်ရာနံရံကပ်ပြဘုတ်များပြသရာ ကျောင်းသား၊ ကျောင်းသူများ စာပေကိုပိုမိုမြတ်နိူးတတ်စေရန် စာအုပ်ပြပွဲပြသခြင်းများကိုလည်းပြသခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ဗဟုသုတရရှိစေရန် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေလင်းကျော်(ပြန်/ဆက်)