ပင်းတယ ဩဂုတ် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများနှင့် ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပထမဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ပင်းတယမြို့နယ်တွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့ထိကြောင့်မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးများတွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးမြေများ၊ လမ်းတံတားများ၊ အိမ်ခြံမြေများ ပျက်စီးခဲ့ရမှုအပေါ် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ အဆိုပါသဘာဝဘေးကြောင့် ပျက်စီးခဲ့သည့်နေရာများ မိမိတို့နှင့်အတူဆက်စပ်သည့်ဌာနများမှ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေပြီး၊ ယခုအခါ ရေကြီးရေလျှံမှုကြောင် လယ်ယာများတွင် စိုက်ပျိုးထသည့် မိုးသီးနှံစိတ်ခင်း အများအပြားပျက်စီးခဲ့ပါကြောင်းနှင့် ဆောင်းသီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် လုပ်ဆောင်ပေးနေပြီ ဖြစ်ပါကြောင်းနှင့်ယခုဖြစ်ပွားခဲ့သည့် သဘာဝဘေးမှာ အဓိက သစ်တောသစ်ပင်များ ပြုံးတီးလာခြင်းကြောင့်ဖြစ်ပါကြောင်း၊ မိဘပြည်သူများအနေနဲ့လည်း သစ်တောသစ်ပင်များကို ပြန်လည်စိုက်ပျိုးပေးစေလိုကြောင်းနှင့် ပျက်စီးဆုံးရှုံးခဲ့သည် အိမ်များနှင့် စိုက်ပျိုးမြေများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနကို တင်ပြတောင်းခံပြီး လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပေးသည်။
ထို့နောက် ပြည်နယ်ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ပင်းတယမြို့နယ်တွင် ရေကြီးမှုနှင့်တောင်ပေါ်မြေများ ပြိုကျခဲ့ရသည့်အခြေအနေနှင့် မြေပြိုမှု အခြေအနေများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားပေးသည်။ ယင်းနောက် ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနနှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက်အသီးသီး အသိပညာပေးပြောကြားပေးသည်။
ဆက်လက်၍ အထွေထွေဆွေးနွေးခြင်း အစီအစဉ်အား ဆက်လက်ကျင်းပရာ တက်ရောက်လာသည့် ဒေသနေပြည်သူများက မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွင် လိုအပ်သည်များကို ပြောကြားရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ စက်ယန္တရားနှင့် စက်သုံးဆီ ထောက်ပံ့ပေးပြီး ကျေးရွာလူထုပူးပေါင်းပါဝင်မှုဖြင့် တောင်ကျမိုးရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ပန်ပိုင်းတံတား ပြန်လည်ပြုပြင် ပြီးစီးအခြေအနေများနှင့် တောင်ရှည်ကျေးရွာအုပ်စု လည်ပြင်ကျေးရွာ Pilort project ဖြင့် ဆင်းရွှေကြာ ၂ စိုက်ပျိုးမည့်နေရာများ၊ လယ်ယာမြေ စိုက်ခင်းအတွင်းရေ ပေးဝေနိုင်ရေးအတွက် ရေနှုတ်မြောင်းတူးဖော်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)