မိုးနဲ ဩဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က (၂၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာစီးစာကုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ဂုဏ်ပြုအမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက် ဩဂုတ်လ ၆ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ကျင်းပပြုလုပ်ခဲ့သော စာစီစာကုံးပြိုင်ပွဲအကြိုတွင် ဆုရရှိသော ကျောင်းသူလေးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အဖွဲ့ဝင် ဦးငိုပွယ်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးလှနိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး စာအုပ်စာစောင်များပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား/သူ ၁၂ ဦး၏ အဖြေလွှာများကို ပြန်လည်ကြည့်ရှုနိုင်ရန်အတွက် ရုံးရှေ့မြေစိုက်ပြဘုတ်တွင် ပြသပေးခဲ့ရာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/သူလေးများ ကျောင်းပြိုင်ပွဲများအပြင် ပြင်ပပြိုင်ပွဲများ၌ ရဲဝံ့စွာယှဉ်ပြိုင်နိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ကောင်းသောယှဉ်ပြိုင်လိုစိတ်များ ပေါ်ထွက်လာခြင်း၊ ပြိုင်ပွဲအတွေ့အကြုံများကို ပြန်လည်ဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ စွာရရှိမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို