လွိုင်လင် သြဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲအား ကျင်းပပြုလုပ်ရာ ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ဆက်လက်၍ အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူလေးများ ဆေးရောင်ခြယ်ပြိုင်ပွဲအား ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီးဌာနမှ ပြသထားသော အသိပညာပေး စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ယင်းနောက် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)