မိုင်းတုံ ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့တွင် ယနေ့နံနက်အစောပိုင်းက မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝမ်နားကျေးရွာအတွင်းရှိ နမ့်ညုချောင်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
ယနေ့နံနက်အစောပိုင်းကတွင် မိုးများ အဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာသဖြင့် နမ့်ညုချောင်းရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းရေကြီးရေလျှံမှုသည် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာကြောင်းနှင့် ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် ရေများတဖြည်းဖြည်းပြန်လည် ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။
မျိုးကျော်စိုး(ပြန်/ဆက်)