တာချီလိတ်မြို့၌ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာခင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး

တာချီလိတ် ဩဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာခင်းခြင်း လုပ်ငန်းအချိန်မီပြီးစီးရေး ဩဂုတ် ၁၀ ရက်နေ့က တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလွင်နှင့် တာဝန်ရှိသူတို့က  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေကျပ်(၃၁၆.၄၉၉) သန်းဖြင့် အရှည်(၀/၇)မိုင်၊ အကျယ်(၁၂)ပေ၊ ထု ၉ လက်မရှိ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးရာ ရွှေကန်ညီကိုကုမ္ပဏီနှင့် ပြည့်သူထိုက်ကုမ္ပဏီတို့က ပစ္စည်းစုဆောင်းထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြရာလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာလမ်းဆောင်ရွက်ပြီးပါက ၎င်းလမ်းကို အသုံးပြုနေသည့် ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၁၅၉)အိမ်နှင့် လူဦးရေ(၁၅၇၃)ဦးတို့အား အကျိုးပြုသွား မည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)