မြစ်သားမြို့နယ်တွင်စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

မြစ်သား ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှဝန်ထမ်းများက ဘူတာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီး လိမ္မာယဉ်ကျေးစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကို အဆိုပါကျောင်းတွင် ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်‌လှလှဝင်းကအမှာစကား‌ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သီတာ‌အောင်က ကျောင်းသား၊ ကျောင်းသူများ လိမ္မာရေးခြားရှိစေရေး အသိပညာ၊ အတတ်ပညာသာမက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ငလျင်အန္တရာယ်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောနှင့် လျှပ်စစ်အန္တရာယ်အကြောင်း နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)