မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်(အကြို) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

မြစ်ကြီးနား သြဂုတ် ၁၁

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ တက္ကသိုလ်အဆင့်နှင့်အခြေခံပညာအဆင့် စကားရည်လုပြိုင်ပွဲဗိုလ်လှပွဲနှင့် သီချင်းဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၇)ဦး၊ တက္ကသိုလ်အဆင့်နှင့်အခြေခံပညာအဆင့် စကားရည်လုပြိုင်ပွဲ ဗိုလ်လုပြိုင်ပွဲတွင် (၂၀)ဦးနှင့် သီချင်းဆိုပြိုင်ပွဲတွင် တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၀) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)