ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မြောက်ဒဂုံ)၌ အခြေခံမော်တာစက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၅) ဖွင့်လှစ်

ရန်ကုန် ဩဂုတ်လ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌ အခြေခံမော်တာစက်ချုပ်သင်တန်းအမှတ်စဉ်(၂/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် လ ၁၁ ရက်နေ့နံနက်ပိုင်းက ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မြောက်ဒဂုံ)သင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းကို နိုင်ငံတော်၏စက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံအတွင်းလိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်နှင့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်လိုသည့် အလုပ်သမားများအတွက် လုပ်ငန်း ခွင်ကျွမ်းကျင်မှုရှိသော ကျွမ်းကျင်အလုပ်သမားများမွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ကျင်းပခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနား၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ သင်တန်းနည်းပြဆရာ(၂)ဦးနှင့် ပြင်ပသင်တန်းနည်းပြဆရာ(၁)ဦး၊ စုစုပေါင်း(၃)ဦးတို့မှဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား(၄၀)ဦးဖြင့်  ဩဂုတ်လ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ (၂)ပတ်ကြာဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ