မိုင်းပန် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီဖလား မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း၊ ဘောလုံးကွင်း၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြင့်မြင့်အေးက ကျောင်းသား/သူများအား ကျန်းမာကြံ့ခိုင်စေရန်၊ အသင်းအဖွဲ့များနှင့် စည်းလုံးစွာ ဆောင်ရွက်တတ်စေရန်၊ ဉာဏ်ရည်ထက်မြက်စေရန်နှင့် နိုင်ငံ့သားကောင်းများဖြစ်ပေါ်လာစေရန်အတွက် ဘောလုံးပြိုင်ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အခမ်းအနား စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲတွင် အနော်ရထာအသင်းနှင့် ကျန်စစ်သားအသင်းတို့က စတင်ယှဉ်ပြိုင်ခဲ့ကြရာ (၁)သင်း (၁)ဂိုးစီ ရရှိ၍ သရေပွဲဖြစ်ခဲ့ပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ (၁၈) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)