မိုင်းဖြတ် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် တောင်သူပညာပေးဆွေးနွေပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟာကြားဒီပကျေးရွာရှိ ကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် တောင်သူများအနေဖြင့် နည်းပညာများကိုရယူ၍ စနစ်တကျ လုပ်ကိုင်နိုင်းရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာက မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က မိုးစပါးစိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းကောင်းများနှင့် သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းကို တိုးချဲ့စိုက်ပျိုးမည့်အခြေအနေများနှင့် စိုက်ပျိုးသီးနှံများ မပျက်စီးအောင် ကျွဲ၊ နွားများကို ခြံလှောင်ခြင်း၊ ထိန်းကျောင်းခြင်းဖြင့် မွေးမြူရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာက လက်ထောက်ဦးစီးမှူး ဒေါ်ဇင်မာလွင်က ဒေသခံတောင်သူများ ပိုးသတ်ဆေး စနစ်တကျသုံးစွဲနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပိုးသတ်ဆေးဖျန်းရာတွင် အသုံးပြုနိုင်ရေး (PPE)ဝတ်စုံနှင့် လက်စွဲကောက်စိုက်စက်ဖြင့် စနစ်တကျစပါးစိုက်ပျိုးခြင်းနည်းပညာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)