ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ပင်မစေတီတော်ကြီး ပြုပြင်တည်ဆောက်နိုင်ရန်အတွက် ပထမအကြိမ်အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

ဟိုပုံး ဩဂုတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ပင်မစေတီတော်ကြီး ပြုပြင်တည်ဆောက်နိုင်ရန်အတွက် ပထမအကြိမ် အလှူတော်ငွေပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ပြုလုပ်သည်။

ဦးစွာ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် ဇနီး ဒေါက်တာ သဲသဲဥ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ အရာရှိကြီးများနှင့် ဇနီးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ပြီး အလှူရှင်များ ဖြစ်ကြသည့် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် ဇနီး ဒေါက်တာသဲသဲဥ ကျပ်သိန်း (၅၀)၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ အရာရှိကြီးများနှင့် ဇနီးများမှ ကျပ်(၆၃၀၀၀၀)၊  ဒေါ်ခွမ်ဆုံကြည် မိသားစု အရှေ့ရပ်မှ ကျပ်သိန်း(၅၀)၊ ရွှေကျားဟိန်း အိမ်ဆောက်ပစ္စည်းဆိုင် မိသားစု အရှေ့ရပ် ကျပ်သိန်း(၃၀)၊ ဦးအောင်ငြိမ်းနှင့် ဇနီး ဒေါ်နန်းခမ်းနွယ် မိသားစု အနောက်ရပ်မှ ကျပ်(၁၀)သိန်း၊ ဦးခွန်အောင်နိုင်နှင့် ဇနီး ဒေါ်မနိုင် ရန်ကင်းရွာမှ ကျပ်သိန်း(၃၀)၊ ဦးစိုင်းနော်အေးနှင့် ဇနီး ဒေါ်မျိုးမြတ်သူ မိသားစုမှ ကျပ်သိန်း(၂၀)၊ ဒေါ်ဖြူဖြူဝင်း မိသားစု တောင်ကြီးမြို့ ကျပ်သိန်း(၅၀) စုစုပေါင်းကျပ် (၂၄၆)သိန်းသုံးသောင်းတို့ကို ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေနှင့် ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထွေးတို့က လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားသည် လွန်ခဲ့သည့်နှစ်ပေါင်း (၁၁၁) ကမူလစေတီတော်အား ပြန်လည်မွမ်းမံခဲ့သည့် ရှေးဟောင်းသမိုင်းဝင်စေတီတော်ကြီးဖြစ်ပြီး  မတ်လ(၂၈)ရက်နေ့တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထီးတော်ပြိုကျပျက်စီးခြင်းနှင့် အရန်စေတီ(၈)ဆူတို့တွင် ထီးတော်ပျက်စီးခြင်း၊ ကိုယ်လုံးတော်အက်ကွဲခြင်း၊ အရန်စေတီပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ကုသိုလ်ရှင်များ၏ ယနေ့အထိထည့်ဝင်လှူဒါန်း ငွေကျပ်သိန်း (၅၇၀၀)ကျော်ရရှိပြီဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)