နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ

နမ့်စန်(တ) ဩဂုတ် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက အမှတ် (၄) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် အ.ထ.က(မြို့မ)မှ အထက်တန်းပြဆရာမ ဒေါ်နန်းနွတ်တို့က လူကုန်ကူးမှုအမျိုးအစားများနှင့် လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုများ၊ လူကုန်ကူးမှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(မြို့မ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦးကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)