အင်းစိန် ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနားကို လှည်းကူးမြို့နယ်၊ အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်လည်းကောင်း၊ မှော်ဘီမြို့နယ်၊ မြန်မာ့ဆန်စပါးသုတေသနခန်းမတွင်လည်းကောင်း ဩဂုတ် ၉ ရက် နံနက်ပိုင်းက ကျင်းပသည်။
ထိုသို့ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနားများတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားများတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဆန်နှင့်ဆီများပေးအပ်ခဲ့ကြသည်။
ယင်းနောက် အခမ်းအနားများတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြား၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)