မိုင်းခတ်၌ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်၊ ပထမ (၆) လပတ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ငွေလုံးငွေရင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မိုင်းခတ် သြဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ပထမ (၆) လပတ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ငွေလုံးငွေရင်းလုပ်ငန်း(၃)ခုအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ 

အဆိုပါလုပ်ငန်းပြီးစီးမှုကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ၊ ကျိုင်းတုံမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့် အဖွဲ့သည် မိုင်းခတ်မြို့အတွင်းရှိ ခွင့်ပြုငွေကျပ် (၁၉.၈) သန်းဖြင့် အောင်မိုးဟိန်းလမ်း (မေတ္တာလမ်းဆုံနှင့် အဝိုင်းပတ်အတွင်း) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၁၇၅ပေ×၁၈ပေ×၆လက်မ)၊ ခွင့်ပြုငွေကျပ်(၁၇.၅)သန်းဖြင့်ဂါလံ(၁၀၀၀၀)ဆန့်ရေစုကန်မှ ရေဖြန့်ဝေပိုက်လိုင်းမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း(၂၂၀၀ပေ)နှင့် ခွင့်ပြုငွေကျပ် (၆.၀၀) သန်းဖြင့် ဂါလံ(၁၀၀၀)ဆန့် ရေစုကန် (အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း (၁၅ပေ ×၁၅ပေ× ၇ပေ× ၆လက်မ) လုပ်ငန်းများ (၁၀၀) ရာခိုင်နှုန်းပြီးစီးမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြည့်ရှုရာ မိုင်းခတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားဝေနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးအောင်မြင့်မြတ်တို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသရာ ဒုတိယအင်ဂျင်နီယာမှူးကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)