မိုင်းပျဉ်း သြဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် မူလတန်းကလေးများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်အားဆေး တိုက်ကျွေးခြင်း၊ ကျောင်းတွင်းစျေးမုန့်ဆိုင်တန်းများအား ကျန်းမာရေးနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်း၊ အစာအုပ်စု (၃) မျိုးတွင် ပါဝင်သော အစားအစာအာဟာရများ တိုက်ကျွေးခြင်းနှင့် အသုံးပြုရေကန်များအား အဘိတ်ဆေးခပ်ပေးခြင်းများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဆရာမများ၊ မြို့နယ်ပညာရေးမှူး၊ အထကကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)