ချမ်းမြသာစည်မြို့နယ် အမှတ် (၃၄) အ.ထ.က တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ချမ်းမြသာစည် ဩဂုတ် ၁၁

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ" ကို ယနေ့နံနက် (၁၀:၃၀) နာရီက အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်း နန်းကေသီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  အမှတ် (၃၄) အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက "လူငယ်နှင့်နည်းပညာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးမှူး ဦးတင်မောင်ဝင်း " လူငယ်နှင့်‌ခေါင်းဆောင်မှု" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။ ဟောပြောပွဲပြီးနောက် ကျောင်းသား၊ ကျောင်းသူများသည် ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင် ခင်းကျင်းပြသထားမှုများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့်ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

ချမ်းမြေ့ (ချမ်း/စည်)