မိုးကောင်း ဩဂုတ် ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နတ်ကြီးကုန်းရပ်ကွက်၏ (၂၀) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်တော်လောင်းလှူပွဲကို ဩဂုတ် (၈) ရက်ညနေ (၃) နာရီတွင် ကျင်းပခဲ့သည်။
ဆွမ်းဆန်တော်လောင်းလှူပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက သံဃာတော် (၃၆၇) ပါးနှင့် သီလရှင်အပါး (၁၈၀) တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သံဃာတော်နှင့်သီလရှင်တို့အား စာရေးတံမဲများဖွင့်ဖောက်၍ ဌာနဆိုင်ရာနှင့် အလှူရှင်အသီးသီးတိုက ဆက်ကပ်လှူဒါန်းကြပြီး ဖျော်ရည်စတုဒီတာတိုက်ကျွေးကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)