ကျိုင်းတုံ ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့် သင်ကြားရေးဆရာဖြစ် သင်တန်းဖွင့်ပွဲကို ယနေ့ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(ကျိုင်းတုံ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာများက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့် သင်ကြားရေးဆရာဖြစ် သင်ခန်းစာများအား စာတွေ့လက်တွေ့သင်ကြားပို့ချသည်။
အဆိုပါသင်တန်းသို့ ကျိုင်းတုံဒေသရှိ ဟိုတယ်များမှ မန်နေဂျာများ၊ ဝါရင့်ဧည့်လမ်းညွှန်များ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၁၃ ဦးတက်ရောက်ပြီး ဩဂုတ်လ ၁၁ ရက်မှ ၁၆ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)