အမှတ် (၃၄)‎အ-ထ-က၌ ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ချမ်းမြသာစည် ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်‌သော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃၄) အခြေခံပညာအထက်တန်း‌ကျောင်း နန်းကေသီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၃၄) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ကျောင်းသား၊ ကျောင်းသူများ အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးစုက အွန်လိုင်းမှတစ်ဆင့် လောင်းကစားမှု၊ လိမ်လည်မှုများအကြောင်းတို့ကို လည်းကောင်း အသိပညာ‌ပေး ဟောပြောခဲ့သည်။ ထို့နောက် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေး ပူး‌ပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC) မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip ကို ပြသခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့်ဝန်ထမ်းများ၊ အမှတ်(၃၄) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့ (ချမ်း/စည်)