လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲပြုလုပ်

လိပ်သို ဩဂုတ် ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းတွင်း အားကစားလှုပ်ရှားမှု ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဉီးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဉီးက အနိုင်အရှုံးအဓိကမထားပဲ အားကစားစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး အားကစား ဒိုင်လူကြီး ဆရာဉီးကျော်လှက အားကစားသမားများလိုက်နာရန် စည်းကမ်းများအကြောင်းကို မှာကြားခဲ့သည်။ ဆက်လက်ပြီး ပါဝင်ယှဉ်ပြိုင်ကြသော ဘောလုံးအသင်းများအား ကျောင်းသူများက ပန်းစည်းများ ကမ်းပေးခြင်း၊ အားကစားဒိုင်လူကြီးက ဘောလုံးကွင်းထဲသို့ အဖွင့်ဘောလုံး ကန်ထည့်ခြင်းဖြင့် ဘောလုံးပြိုင်ပွဲကို စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကောင်စီဉက္ကဋ္ဌဘောလုံးပြိုင်ပွဲကို အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ အသင်း(၅)သင်းဖြင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် အမျိုးသားနှင့် အမျိုးသမီးအသင်း (၁၅) သင်းတို့က ဩဂုတ်လ (၁၁) ရက်နေ့မှ (၂၀) ရက်နေ့အထိ ပွဲစဉ် (၂၄)ပွဲဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ်