ကျောက်ပန်းတောင်း ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးစစ်ဆေးခြင်း၊ ဘီတာမင်-အေ ဆေးတိုက်ကျွေးခြင်းများကို ယနေ့နံနက်ပိုင်းက သာယာအေးရပ်ကွက်ရှိ လေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမီမီသက် ဦးဆောင်သည့် ကျောင်းကျန်းမာရေးဝန်ထမ်းများသည် လေးရွာအခြေခံပညာအထက်တန်းကျောင်းရှိ KG တန်းမှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၂၈)ဦးတို့အား ကျန်းမာရေးစစ်ဆေးခြင်း၊ ဘီတာမင်-အေဆေးများ တိုက်ကျွေးခြင်း ဆောင်ရွက်ပေးကြပြီး၊ ဒေါက်တာ မီမီသက်က သွားကျန်းမာရေးဆိုင်ရာများကို အသိပညာပေးဟောပြော၍ ကျောင်းသား၊ ကျောင်းသူ(၆၈)ဦးတို့အား၊ သွားနှင့်ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းနောက် KGတန်းမှ ကျောင်းသား၊ ကျောင်းသူ(၄၂ )ဦးတို့အား သွားတိုက်တံများကိုလည်းကောင်း၊ Grade-1 နှင့် Grade-2 ကျောင်းသား၊ ကျောင်းသူ (၁၈၉ )ဦးတို့အား သွားတိုက်ဆေးဘူးများကိုလည်းကောင်း အခမဲ့ ပေးဝေခဲ့ကြ ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)