ခေါင်လန်ဖူး ဩဂုတ် ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ခေါင်လန်ဖူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်စွာရှိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ဆိုင်းနူးမိုင်က ကလေးများ သွားကျန်းမာရေးနှင့်ပတ်သက်၍ သွားတိုက်နည်းများကို လက်တွေ့သရုပ်ပြသသင်ကြားပေးသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်စွာရှိန်းနှင့်ဆရာမ ဒေါ်ဆိုင်းနူးမိုင်တို့က ဆေးရွက်ကြီး၊ ဆေးလိပ်အန္တရာယ်အကြောင်း၊ မကူးစက်နိုင်သော(သွေးတိုး၊ဆီးချို၊နှလုံး)ရောဂါအကြောင်း၊ သွားကျန်းမာရေးအကြောင်း (သွားတိုက်နည်းအပါ)နှင့် ကျောင်းသား၊ ကျောင်းသူများအား သရုပ်ပြသခိုင်းခြင်း၊ အစာအုပ်စုသုံးအုပ်စုအကြောင်း၊ လိင်မှတဆင့် ကူးစက်သော ရောဂါအကြောင်း၊ ဌက်ဖျားရောဂါအကြောင်း၊ သွေးလွန်တုပ်ကွေးအကြောင်း၊ သန်ကောင်အကြောင်း (လက်ဆေးနည်းအပါ)နှင့် ကျောင်းသား၊ ကျောင်းသူများအား လက်ဆေးနည်းသရုပ်ပြသခိုင်းခြင်း၊ မျိုးဆက်ပွားကျန်းမာရေး အကြောင်းများကို အသိပညာပေးဟောပြောသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့် ကျန်းမာရေးဆရာ/မများက မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ လက်သန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ မျက်စိအမြင်စစ်ဆေးပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရှေ့တန်းအမှတ် ခလရ(၁၃၈) ဒု-တပ်ရင်းမှူးဗိုလ်မှူး ဇာနည်အောင် ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့နယ်ပညာရေးမှူး ဦးညိုလင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မော်နှင့် ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)