သန်လျင်မြို့နယ်ရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန် သြဂုတ် ၁၁

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန်ရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဩဂုတ် ၉ ရက် နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းနှင့် FDA မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝေယံမြင့်ထူးနှင့်အဖွဲ့တို့ပူးပေါင်း၍ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန်နှင့် အလယ်ရွာရှိ သောက်ရေသန့်စက်ရုံများ၌ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)