တာလေမြို့၌  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်

တာလေ ဩဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်တာလေမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင်ပွားသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၃) ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (တာလေ) ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ (ခွဲ) မှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်သူရနှင့် ဝန်ထမ်းများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံအစရှိသည်ဖြင့် အသုံးပြုသည့်နည်းများကို အကျယ်တစ်ဝန်းရှင်းလင်း သရုပ်ပြပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာ‌ရေးများက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)