လှည်းကူး ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းတို့ကို ဩဂုတ်လ ၈ ရက်နေ့နံနက်ပိုင်းက စခန်းကြီးကျေးရွာအုပ်စု၊ ဘုရားသုံးဆူကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဒုလဝကမှူးဦးသန့်ဇင်ထွေးဦးဆောင်၍ဝန်ထမ်းများသည် ဘုရားသုံးဆူကျေးရွာ၌ ကျေးရွာအတွင်းရှိပြည်သူများအား အိမ်ထောင်စုစာရင်းများစိစစ်ဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ Biometric စာရင်းများကောက်ယူခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်းကြည်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကိုပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(လှည်းကူး)