တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

တိုက်ကြီး ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အောက်အလယ်ဘုတ်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်းဆွေ၏ကြီးကြပ်မှုဖြင့် ဒုတိယလဝကမှူးဦးသော်ဦးကောင်းဦးဆောင်၍ လက်ထောက်လဝကမှူးဦးအောင်မိုးထွဋ်နှင့်ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသောသူ ၅၅ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မပြုလုပ်ရသေးသူ ၁၄ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းနှင့် UID ကတ်များကို ကျေးရွာပြည်သူများထံအရောက် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)