ပျော်ဘွယ် ဩဂုတ် ၁၁
ပျော်ဘွယ်မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပခြင်းနှင့် မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုနေသည့် လူငယ်များပျော်ရွှင်မှုရရှိစေရန်အတွက် ဉာဏ်စမ်းသုတ ပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင်များက စာရေးဆရာ မောင်သာမည ရေးသားသည့် “အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း” စာအုပ်ပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ လူငယ်များပျော်ရွှင်မှုရရှိစေရန်အတွက် အထွေထွေဗဟုသုတဆိုင်ရာ ဉာဏ်စမ်းသုတပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး မြို့နယ်ရုံးတွင်ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)