‎မဟာ‌အောင်မြေမြို့နယ်၌ ဗီတာမင်အေမျက်စိအားတိုးဆေး တိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အ‌လေးအချိန်တိုင်တာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

မဟာအောင်မြေ ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံနှင့် ကျန်းမာရေးဝန်ထမ်းများက  တစင်္ကြာနွယ်စင်ရပ်ကွက် မင်္ဂလာလူငယ်လူမှုကူညီ‌ရေးအသင်းရုံး၌ အသက်(၆)လမှ(၅)အောက် ကလေးများအားလုံးကို ဗီတာမင်အေမျက်စိအားတိုးဆေးတိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အ‌လေးချိန် တိုင်တာခြင်းနှင့်ကလေးမိခင်များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မဟာအောင်မြေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးသီတင်းပတ်အနေဖြင့် မြို့ပေါ်ရှိအခြေခံကျောင်းများ၊ ရပ်ကွက်နေပြည်သူများအားလုံးကို စုရပ်ဖွဲ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊   ဗီတာမင်အေ မျက်စိအားတိုးဆေး တိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ကိုယ်အ‌လေးအချိန်တိုင်တာခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း