မြစ်သား ဩဂုတ် ၁၁
မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအထူးကောင်း မွန်ပြီးမွေးဖွားသည့်ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု (ဒုတိယ)ပတ် ကျန်းမာရေးအသိပညာပေး ဟာပြောခြင်းနှင့်ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် စစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်းသိ ရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အဟာရပြည့်ဝသည့် အစားအစာများစားသုံးတတ်ရန်နှင့် ဌာနကပေး သည့်ဆေးများကိုပုံမှန်သောက်သုံးရန်လိုကြောင်း၊ အစာအုပ်စု (၃) ခုပါဝင်အောင်စားသုံးရန်၊ က လေး ဉာဏ်ကောင်းရန်အိုင်အိုဒင်းဆားစားသုံးရန် လူစုလူဝေးရှောင်ရှားရန်နှင့်စနစ်တကျလက်ဆေးရန်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များအားလုံးကို တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဝါဝါမြင့် (မြစ်သား)