ရေဖြူ ဩဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဂန်ဂေါ်တောင်ရွာ၊ ဓမ္မပါလ ကျောင်းတိုက်တွင် ယမန်နေ့နံနက်က တနင်္ဂနွေနေ့ ဓမ္မစကူးလ် သင်တန်းများ စတုထ္တအပတ်အဖြစ် ပို့ချနေကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဂန့်ဂေါ်တောင်ရွာ၊ ဓမ္မပါလကျောင်းတိုက်ဆရာတော် အရှင်ဣန္ဒစရိယက ဦးဆောင်၍ ဓမ္မစကူးလ်ဆရာမများက ပို့ချလျက်ရှိရာ သင်တန်းသား ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဂန့်ဂေါ်တောင်ကျေးရွာသည် အိမ်ခြေနည်းပါးသော ရွာငယ်ဖြစ်သော်လည်း ကံပေါက်ရွာကြီးနှင့်နီးသောကြောင့် တက်ရောက်သူများကာ နှစ်စဉ် အစဉ်အလာမပျက် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ် သင်ခန်းစာများကို ပို့ချပေးကာ ကလေးများအား အာဟာရ အလှူရှင်များကလည်း ကျွေးမွေး လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ခတ္တာ