မှော်ဘီခရိုင်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီများပေးအပ်ပွဲအခမ်းအနား ကျင်းပ

မှော်ဘီ ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၉ ရက် ညနေ ၅နာရီခွဲက မြန်မာ့ဆန်စပါးသုတေသနခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ဆန်နှင့်ဆီများပေးအပ်ခဲ့ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ဦးမြင့်ကြည်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ မှော်ဘီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)