တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်

တောင်ဥက္ကလာ ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန် (၃)ထပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ငွေများအား ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး လိုအပ်သည်များကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မင်းဟန် (ပြန်/ဆက်)