ဒဂုံမြောက် ဩဂုတ် ၁၀
ဒဂုံမြို့သစ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ဒဂုံမြို့သစ်ခရိုင်အမျိုးသမီးရာအဖွဲ့နှင့် ဒဂုံမြို့သစ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်(၃၈)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး T.T.O ငွေရတုမင်္ဂလာခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ သင်ထောက်ကူပစ္စည်းအဖြစ် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း သင်ရိုးညွှန်းတမ်းစာအုပ်(၃၀)၊ သုံးထောင့် ပတ်တီး (၃၀)တို့အား တိုင်းအတွင်းရေးမှူး ဦးကျော်မြင့်အောင်ကပေးအပ်ရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်မှလက်ခံရယူသည်။ အဆိုပါသင်တန်းကို ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ သင်တန်းသူ(၃၀) ဦး တက်ရောက်ကြပြီး ဩဂုတ်လ ၁၂ ရက်နေ့ထိ ၃ ရက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ အတွင်းရေးမှူး ဦးကျော်မြင့်အောင်၊ ဒဂုံမြို့သစ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့်အဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကျော်ကျော်နိုင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ တပ်ဖွဲ့မှူးသန်းအောင်မိုးနှင့်အဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့မှ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
မြင့်မြင့်ရီ