အင်တောမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်

အင်တော သြဂုတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယ‌နေ့နံနက် ၉ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ရပ်စောက်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဦးစီးအရာရှိ ဦးနိုင်းအွမ်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသူနှင့် မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် စမ်းသပ်မဲပေးခြင်း၊ မဲရလဒ်များအား ထုတ်ယူကြည့်ရှုစစ်ဆေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)