ပင်လုံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ပင်လုံ သြဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လည် (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး ကျောင်းသားလူငယ်လေးများအား ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်၊ လူငယ်များနှင့်သက်ဆိုင်သည့်အသိပညာအတတ်ပညာများအကြောင်း၊ အထွေထွေဗဟုသုတများအကြောင်း၊ စာအုပ်စာပေများဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးအကြောင်းအရာများ ဟောပြောခဲ့ပါသည်။ ထို့နောက်​ ကျောင်းသားလူငယ်များအား အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို အသိပညာပေးနံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများက စိတ်ဝင်တစားလေ့လာကြည့်ရှု့ခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲသို့ ကျောင်းသားလူငယ်များ (၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)