လဲချားမြို့နယ် လုထုအခြေပြုဗဟိုဌာန (Community Centre) တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

လဲချား သြဂုတ် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို‌ ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အားလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ သမိုင်းကြောင်းအား လည်းကောင်း၊ ဒုမြို့နယ်ပညာရေးမှူး ဒေါ်မြမြသန်းက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ရည်ရွယ်ချက်အားလည်းကောင်း၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအားလည်းကောင်း အသီးသီး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ အင်အား ၃၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)