မိုးနဲ ဩဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ကာ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးသီးနှံများအတွက် ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများက မိုးနဲမြို့နယ်အတွင်းရှိ အုပ်စု ၉ စုအတွက် စပါးတစ်ဧကလျှင် ကျပ် ၁သိန်းခွဲ၊ ပြောင်းတစ်ဧကလျှင် ကျပ် ၁ သိန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရပ်ကျေးစာရေးများ၏ ထောက်ခံချက်၊ အိမ်ထောင်စုဇယားနှင့်မှတ်ပုံတင်တို့ကို ယူဆောင်လာကြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုးစပါးသီးနှံများထုတ်ချေးလိုက်ခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုလွယ်ကူစွာလုပ်ကိုင်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင်လုပ်ကိုင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို