လွိုင်လင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

 

လွိုင်လင်  ဩဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆ့ရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ‌ဒေါ်နန်းပြည့်စန္ဒီမြင့်နှင့် ဝန်ထမ်းများက ကျောင်းသား/သူများ ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုးစေပြီး စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောခြင်း၊ ဓာတ်ပုံနံရံကပ်စာစောင်များပြသခြင်းနှင့် ဂိမ်းကစားနည်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းသား/သူများမှ အသိပညာပေးဟောပြောခြင်းကို စိတ်ဝင်တစားနားထောင်ကြပြီး ဂိမ်းကစားခြင်းများကို ပျော်ရွင်စွာ ပါဝင်ကစားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)