ကျွန်းစုမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ် နိုင်ရေး လုပ်ငန်းညှိနှိုင်း 

ကျွန်းစု ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက သင်တန်းသား၊ သင်တန်းသူ ၃၇၇ ဦး၏ နေထိုင်ရေး၊ လျှပ်စစ်မီးရရှိစေရေး၊ သောက်‌သုံးရေရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျင်းပရေး ကဏ္ဍများအတွက် ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကာ ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ကျွန်းစုမြို့တွင် ရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းများကို ပထမအကြိမ် ၁၀၃ ဦး၊ ဒုတိယအကြိမ် ၁၂၉ ဦး၊ တတိယအကြိမ် ၁၄၅ ဦး၊ စုစုပေါင်း ၃၇၇ ဦး တို့အား တစ်ကြိမ်လျှင် သင်တန်းကာလ နှစ်ရက်ကြာ   စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဩဂုတ် ၁၁ ရက်မှ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

  ထက်မြင့် (ကျွန်းစု)