ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် အသိပညာ‌ပေးပြပွဲ ကျင်းပ

ကျောက်တလုံးကြီး ဩဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ စာစီစာကုံး၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြောင်း သိမှတ်ဖွယ်ရာများ၊ လူငယ်များဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇော်နိုင်လင်းက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည်တို့ကို အသိပညာပေးဟောပြော၍ အ.ထ.က‌ ကျောက်တလုံးကြီး ကျောင်းသား/သူများက စာစီစာကုံးပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများသို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြပြီး အသိပညာပေးနံရပ်ကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တလုံးကြီးမှ ဆရာ၊ ဆရာမများက ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးကြကြောင်းနှင့် ကျောက်တလုံးကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ်အကြောင်းအရာများကို ကျောင်းသား/သူလူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် ပြပွဲပြိုင်ပွဲများ၊ နယ်လှည့်အသိပညာပေးလုပ်ငန်းများဖြင့် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း