ကာလိ ဩဂုတ်လ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Youth Club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ကျေးဇူး၏ လူငယ်တွေလမ်းမမှားနှင့်မူးယစ်ဆေးဝါးအန္တရာယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ မောင်ကျေးဇူး၏ လူငယ်တွေလမ်းမမှားနှင့်မူးယစ်ဆေးဝါးအန္တရာယ်စာအုပ်မှ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏အာနိသင်နှင့်အန္တရာယ်များအကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Youth Club) အသင်းဝင် မောင်တင်သန်းဦးက မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးစွဲခြင်းနှင့်ဆိုးကျိုးများကိုလည်းကောင်း၊ မနန်းကျိန်ခမ်းက မူးယစ်ဆေးဝါးအလွဲသုံးစားမှုကိုလည်းကောင်း၊ မဖွေးဖွေးထွေးက ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်ကိုလည်းကောင်း အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်တွေ လမ်းမမှားနှင့်မူးယစ်ဆေးဝါးအန္တရာယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါး၏ဆိုသည်မှာ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများစသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အထွေထွေဗဟုသုတများ တိုးပွားရရှိသွားမည်ဖြစ်ပါသည်။
ကာလိ(ပြန်/ဆက်)