ဆီဆိုင်မြို့နယ်၌ စက်ချုပ်နည်းပညာမွမ်းမံသင်တန်း ဖွင့်လှစ်

ဆီဆိုင် ဩဂုတ်

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာမွမ်းမံသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး  ဦးဝင်းကျောင်မျိုးက  သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဆီဆိုင်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေမှ သင်တန်းသူများအား ကုန်ချောပစ္စည်းများကို ပေးအပ်ခဲ့ပြီး တာဝန်ရှိသူတို့က သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ စက်ချုပ်နည်းပညာမွမ်းမံသင်တန်းကို သင်တန်းသူ (၁၁) ဦး တက်ရောက်ကြရာ ဩဂုတ်လ (၆) ရက်နေ့မှ ဩဂုတ်လ (၂၀) ရက်နေ့အထိ (၁၅) ရက်ကြာ စာတွေ့လက်တွေ့ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)