ဟိုပုံး ဩဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဒုံမေးခိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းတွင်း အားကစားလှုပ်ရှားမှု ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုံမေးခိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ကျောင်းအုပ်ဆရာကြီး ဦးကျော်စွာဝင်း ဦးဆောင်စီစဉ်ကြီးကြပ်မှုဖြင့် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလစသည့် အသင်း(၅)သင်းတို့တွင် Grade- 6 မှ Grade-8 အထိ ကျောင်းသားများကို အငယ်တန်းပြိုင်ပွဲ၊ Grade-9 မှ Grade-12 အထိ ကျောင်းသားများကို အကြီးတန်းပြိုင်ပွဲဟူ၍ သတ်မှတ်ကာ ယှဉ်ပြိုင်ကစားလျက်ရှိသည်။
ပြိုင်ပွဲကို နံနက်ပိုင်းတွင်(၂) ပွဲ၊ မွန်းလွဲပိုင်းတွင် (၂)ပွဲဖြင့် သတ်မှတ်ယှဉ်ပြိုင် ကစားစေလျက်ရှိပြီး ဗိုလ်လုပွဲနှင့် တတိယလုပွဲများကို ဩဂုတ်လ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)