ထားဝယ် ဩဂုတ် ၆
လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန(LMLECC)မှ ပေးပို့သည့် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က ပြည်တွင်းအခွန်များဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး သူရဦးထင်ကျော်မိုး က လန်ချန်း-မဲခေါင် တရား ဥပဒေစိုးမိုးရေး နှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန(LMLECC)မှ ပေးပို့သည့်ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့် အခွန်အရပ်ရပ်ဆိုင်ရာကိစ္စရပ်များအကြောင်း၊ဝန်ထမ်းအယောင်ဆောင်၍ အခွန်ထမ်းပြည်သူများထံ လိမ်လည်မှုမဖြစ်ပွားစေရေးအတွက် အသိပညာပေးရှင်းလင်းဆွေးသည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများ တက်ရောက် သည်။
ငွေဇင်ယော်(ထားဝယ်)