မိုးညှင်း သြဂုတ် ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအစည်းအဝေးတွင် ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု မြင့်တင်ရန်နှင့်စေတနာရှင်များက ထောက်ပံ့ပေးအပ်ခြင်း၊ သက်ကြီးရွယ်အိုများဝင်ငွေပုံမှန်ရရှိစေရေး၊ မိသားစုစောင့်ရှောက်မှုနှင့် ရပ်ရွာ/အိမ်အခြေပြုစောင့်ရှောက်မှုမရှိသည့် ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများနှင့် အိုမင်းမစွမ်းသူများကို ဘိုဘွားရိပ်သာများတွင် နားခိုစောင့်ရှောက်မှုပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်တွင် ဘိုးဘွားရိပ်သာ (၃) ခုရှိပါကြောင်းစသည့်တို့ကို ပြောကြားသည်။
ဆက်လက်ပြီး ကော်မတီအတွင်းရေးမှူး ဒေါ်စန်းမြင့်ခိုင်က ဘိုးဘွားများကို တစ်နိုင်ငံလုံးအနေဖြင့် တစ်လလျှင်တစ်သောင်းနှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် တစ်နှစ်လျှင်(၂)ကြိမ် ထောက်ပံ့ပေးလျက်ရှိကြောင့်နှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအနေဖြင့် ထောက်ပံ့ကြေးမရသေးသည့် စာရင်းပေးသွင်း ရန်ကျန်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အကျိုးခံစားမည့် ဘိုး/ဘွားများ၏ အချက်အလက်များ လာရောက်ပေးသွင်းနိုင်ပြီဖြစ်ကြောင်းပြောကြားပြီး အစည်းအဝေးသို့ တက်ရောက် လာကြသည့်ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြကြရာကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့်အတွင်းရေးမှူးတို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)