သွေးလွန်တုပ်ကွေးရောဂါတွေ့ရှိသော ပျားမွတ်ကျေးရွာနှင့် ခရိုက္ခနိ‌ကျေးရွာများ၌ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကော့မှူး ဩဂုတ် ၆

မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ကျန်းမာရေးဝန်ထမ်းများက ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နေကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဌေးနှင့် ကျန်းမာ‌ရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ခြင်များ ခိုအောင်းပေါက်ဖွားမှုမရှိစေရေးအတွက် ဘုရားပန်းအိုးများအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေအိုး၊ ကျောက်စည်၊ ရေတိုင်ကီများအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါတွေ့ရှိသော ပျားမွတ်ကျေးရွာနှင့် ခရိုက္ခနိ‌ကျေးရွာများ၌ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဌေးက ကျန်းမာရေးအသိပညာပေးပြောကြားရာတွင် သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး (Dengue Virus) သယ်ဆောင်ထားသောနေ့အချိန်တွင် ကိုက်လေ့ရှိပြီး၊ ခြင်ကျားအကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ပြည်သူများကြိုတင်ကာကွယ်၍ရသော ရောဂါဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ကလေးလူကြီး ကျား/မ မရွေးဖြစ်ပွားနိုင်ကြောင်း စသည့်သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သော အကြောင်းအရာများအား ပြောကြားခဲ့ပြီး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ